အသံပိုင်းနှင့်ဗီဒီယိုပိုင်းဆိုင်ရာသင်တန်း
November 23, 2017
မိဘပြုခြင်းလမ်းညွှန်စာအုပ်ထုတ်ဝေခြင်းအတွက် အလုပ်ရုံဆွေးနွေးပွဲ
November 23, 2017

နှစ်ခြင်းအသငး်ချုပ်၊ ၊ ခရစ်ယာန်လူမှုဝန်ထမ်းခြင်းနှင့် ဖွံ့ဖြိုးရေးဌာနမှ ဦးဆောင်၍ Empowering Community Managed Development Project ကို၂၀၁၆-၂၀၁၇ တစ်နှစ်တာ အတွက် ပြန်လည်ဆန်းစစ်ခြင်းနှင့် ၂၀၁၈-၂၀၂၀ ခုနှစ်အတွက် ရှေ့လုပ်ငန်းစဉ်များကို အတူတကွ ဖော်ထုတ်ရေးဆွဲခြင်းကို ၂၀၁၇-ခုနှစ်၊ နို၀င်ဘာလ (၂၂-၂၅)ရက်နေ့အထိ အသင်းချုပ် HOLTI တွင် ပြုလုပ်ရာ အရှို၊ ပိုးကရင်နှင့် ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်တို့မှ CSSDD တာဝန်ခံများ၊ ညှိနှိုငး်ရေးမှူးများ၊ ကျေးရွာ ကော်မတီဝင်များ စုစုပေါင်း(၁၆)ဦးပါ၀င်တက်ရောက်ကြပါသည်။ ဦးဆောင်သူများမှာ ဆရာမဟက်ဘယ်တီကယ်ညွန့်၊ ဆရာဇီးမွန်၊ သိက္ခာတော်ရဆရာ မန်းအောင်ဇော်မိုးတို့ဖြစ်ပါသည်။ ပထမဦးစွာ ရင်တွင်းခံစားချက်များကိုတစ်ဦးချင်းထုတ်ဖော်ပြီး၊ စီမံကိန်းအောင်မြင်မှုများကို သုံးသပ်ပါသည်။ အားသာချက်များကို အဖွဲ့လိုက် ဆွေးနွေးဖော်ထုတ်ခြင်း၊ သင်တန်းများအကြောင်းဖော်ထုတ်ခြင်း၊ Logframe ကိုပြန်လည်ချပြခြင်း၊ ကျေးရွာလုပ်ငန်းစဉ်များတင်ပြခြင်း၊ Logframeနှင့် လုပ်ငန်းစဉ်များချိတ်ဆက်ခြင်း Logframe၊ ပြန်လည်မွမ်းမံပြင်ဆင်ခြင်း၊ Management Structure and Communication Line, Budgeting, နှင့် ပြန်လည်သုံးသပ်ခြင်း များ ဆွေးနွေးဖော်ထုတ်မည်ဖြစ်ပါသည်။

Myanmar